// Think. Learn. Lead.

ဦးကြည်သက်ဟန်

Kyi Thet Han

Executive Leader / Trainer / Author

လက်တွေ့ အတွေ့အကြုံတွေကို အလုပ်ခွင်မှာ ချက်ချင်း သုံးလို့ရတဲ့ ကျွမ်းကျင်မှုအဖြစ် မျှဝေပေးနေပါတယ်။

Seminars, Workshops, Trainings and Interviews

Moments from the rooms and stages where I teach, speak and share.

Hoodie ဝတ်ပြီး mic ကိုင်ကာ ရှင်းပြနေပုံ
Knowledge Sharing
သင်တန်းခန်းထဲ slide ပြပြီး သင်ကြားနေပုံ
AI Training
စင်ပေါ်မှာ ဟောပြောနေပုံ
Seminar
ကျောင်းသားများရှေ့ lecture ပေးနေပုံ
University Lecture
Podium မှာ ဆွေးနွေးနေပုံ
Guest Speaker
Corporate workshop မှာ သင်ကြားနေပုံ
Corporate Workshop
TV အစီအစဉ်မှာ ဆွေးနွေးနေပုံ
TV Interview

ဘာတွေ မျှဝေမလဲ

အလုပ်ခွင်မှာ တကယ် အသုံးဝင်တဲ့ အကြောင်းအရာ ၄ ခုကို အဓိကထား ရေးပါတယ်။

  • AI

    ChatGPT၊ Gemini၊ Claude ကို နေ့စဉ် အလုပ်ထဲမှာ လက်တွေ့ သုံးနည်း

  • Learning & Development

    အဖွဲ့အစည်းတွင်း သင်ယူမှုကို စနစ်တကျ တည်ဆောက်နည်း

  • Soft Skills

    ပြောဆိုဆက်ဆံရေး၊ ဦးဆောင်မှုနဲ့ အဖွဲ့လိုက် လုပ်ကိုင်မှု

  • လုပ်ငန်းခွင် အတွေ့အကြုံ

    IT၊ telecom နဲ့ banking လုပ်ငန်းတွေကနေ ရလာတဲ့ သင်ခန်းစာများ

နောက်ဆုံး post များ

Facebook Page နဲ့ LinkedIn မှာ တင်ထားတဲ့ post တွေကို ဒီမှာ တစ်နေရာတည်း စုထားပါတယ်။

  • ည ၈ နာရီ တင်မယ်

    Prompt ကောင်းဆိုတာ ရှည်တဲ့ prompt မဟုတ်ဘဲ ရှင်းတဲ့ prompt

    Prompt တစ်ခုတည်းကို Before / After ယှဉ်ပြီး ပြောင်းလိုက်တဲ့ ၃ ချက်နဲ့ အဖြေ ဘယ်လို ကွာသွားလဲ ပြထားပါတယ်။

  • ည ၈ နာရီ တင်မယ်

    တန်ဆောင်တိုင် ပညာဒါန — Prompt Engineering လက်စွဲ

    ဒုတိယမြောက် စာအုပ်ကို ဘာကြောင့် ရေးဖြစ်လဲ၊ ဘာတွေ ပါလဲ။ အခန်း ၃၇ · Framework ၃၀+ · Template ၆၀။ Nov 21 ည ၈ နာရီ အခမဲ့ ထုတ်ဝေမယ်။

  • တင်ပြီး

    သင်တန်းက တကယ် အလုပ်ဖြစ်လား — Kirkpatrick Model

    သင်တန်းရလဒ်ကို Level အလိုက် ဘယ်လို တိုင်းမလဲ၊ မေးခွန်း ၃ ခုပါ checklist နဲ့။ Vendor နဲ့ Internal Training Team တွေအတွက်။

  • တင်ပြီး

    AI က မှားတာလား?

    AI အဖြေ မကောင်းရင် prompt ကို Role၊ Context၊ Format ၃ ချက်နဲ့ ပြန်စစ်ကြည့်ပါ။

  • တင်ပြီး

    Burmese Thinking Machine ကို စလိုက်ပါပြီ

    ကျွန်တော်တို့ တစ်ယောက်ချင်းစီ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေဟာ အများကို မျှဝေလိုက်မှသာ “ပညာ” ဖြစ်လာတာပါ။

Facebook Page မှာ post အားလုံး ဖတ်ရန်
အခမဲ့ ebook

Prompt Engineering လက်စွဲ

ChatGPT၊ Gemini၊ Claude၊ DeepSeek နဲ့ LLM တိုင်းမှာ သုံးနိုင်တဲ့ AI နဲ့ စကားပြောနည်း အပြည့်အစုံ

Nov 21, 2026 (စနေ) ည ၈ နာရီ မှာ ထုတ်ဝေမယ်

အပိုင်း
၈
အခန်း
၃၇
Prompt Template
၆၀
  • AI နဲ့ Prompt အခြေခံ
  • Prompt Framework ၃၀ ကျော်
  • Prompting နည်းစနစ်များ
  • Prompt ထက် ကျော်လွန်ပြီး
  • Prompt Template ၆၀

ထုတ်ဝေတဲ့နေ့ Facebook Page မှာ ကြေညာပါမယ်။

ကျွန်တော့် အကြောင်း

ကျွန်တော်တို့ တစ်ယောက်ချင်းစီ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေဟာ အများကို မျှဝေလိုက်မှသာ “ပညာ” ဖြစ်လာတာပါ။

ကျွန်တော်ကတော့ အခြေခံ IT Service Help Desk ဘဝကနေ စခဲ့ပြီး Team Lead၊ Senior Manager၊ Project Manager၊ ISP Deputy Head နဲ့ IT Head Position များကို အောက်သက်ကြေစွာ အဆင့်ဆင့် ဖြတ်သန်းခဲ့ပါတယ်။

တစ်ဖက်မှာလည်း Development and Talent Framework တွေကို အားသန်သူမို့ နည်းပညာဆိုင်ရာ ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး ဘုန်းတော်ကြီးသင် ပညာဒါနကျောင်းတွေကနေ International University တွေ၊ Worldwide Education Brand တွေ၊ Vendor-based Vocational Certification တွေရဲ့ အစီအစဉ်တွေအပြင် နိုင်ငံတကာ ထောက်ပံ့မှုနဲ့ INGO အဖွဲ့အစည်းကြီးတွေရဲ့ Development & Learning Project တွေအထိ ဆောင်ရွက်ခဲ့ပါတယ်။ National Level Curriculum Development Project တွေနဲ့ Framework တွေကိုလည်း Myanmar Region ရဲ့ CLO (Chief Learning Officer) အနေနဲ့ Public နဲ့ Private University တွေအထိ အဆင့်မြှင့်တင် ရေးဆွဲ ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

BIM Group of Companies ရဲ့ Education/Development/Academic/Vocational ပိုင်းမှာလည်း General Manager, Director အဖြစ် တာဝန်ယူခဲ့ပြီး အခု Managing Director အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

မြန်မာနိုင်ငံရဲ့ ဦးဆောင်ဘဏ်ကြီးတစ်ခုမှာလည်း Deputy Function Head of HR / Head of Development and Learning / Deputy General Manager အဖြစ် တာဝန်ယူခဲ့ပါတယ်။ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဝန်ထမ်း တစ်သောင်းခွဲနီးပါးအတွက် နည်းပညာနဲ့ L&D ကို ပေါင်းစပ်ကာ Learning Framework တွေ၊ Learning Model တွေကို Delivery ပုံစံ အမျိုးမျိုးနဲ့ ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ အဖွဲ့အစည်းအတွက် လိုအပ်တဲ့ Learning Management System (LMS) ကိုလည်း ကိုယ်တိုင် Design ဆွဲ၊ တည်ဆောက်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။

သမာရိုးကျ Product Information Training အမျိုးမျိုးနဲ့ Booster Program တွေ၊ Quarterly Program တွေ၊ Annual Training Plan တွေကို ဆောင်ရွက်ခဲ့သလို အသစ်သစ်သော နည်းပညာရပ်များကို သမာရိုးကျ ဘာသာရပ်များဖြင့် ပေါင်းစည်းကာ ပြောင်းလဲမှုအသစ်များကိုလည်း ဖော်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက Private College တွေနဲ့ ပူးပေါင်းပြီး ယခု အောင်မြင်နေတဲ့ Student Ambassadors Program ကိုလည်း ကိုယ်တိုင် ဦးဆောင် Design ရေးဆွဲ တည်ဆောက်ခဲ့ပါတယ်။ ဘဏ်ရဲ့ National Disaster Recovery Project တွေ၊ Mother Room နဲ့ Lactation Room Project တွေ၊ Child Care Center တွေကိုလည်း တာဝန်ယူ ဦးဆောင်ခဲ့ပါတယ်။ ထို့အပြင် အဖွဲ့အစည်းအတွက် Top Employer Institute ရဲ့ Top Employer Myanmar 2024, 2025 & 2026 ထိ ကျန် HR Function Head ၃ ဦးဖြင့် ပူးပေါင်း ယူဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ်က လုပ်ဆောင်တဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းအမျိုးမျိုးအတွက် Social Purpose and Impact Partnership (SPIP) Committee ရဲ့ Committee Member အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒီခရီးတစ်လျှောက် သင်ယူ လေ့လာခဲ့ရတဲ့ သင်ခန်းစာတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေကို LinkedIn နဲ့ Facebook မှာ တစ်စွန်းတစ တင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း စာအုပ်တွေပါ ထုတ်ဖြစ်လာတာမို့ အားလုံးကို တစ်နေရာတည်းမှာ စုပြီး မျှဝေနိုင်ဖို့ "Burmese Thinking Machine" ကို စလိုက်ပါတယ်။

ဒီ Page မှာ အဓိက မျှဝေသွားမယ့် အကြောင်းအရာတွေက —

  1. AI ကို လက်တွေ့ လုပ်ငန်းခွင်၊ Business System နဲ့ Management Cycle တွေမှာ ဘယ်လို အသုံးချမလဲ
  2. Learning & Development Framework တွေ
  3. Soft Skills နဲ့ Leadership က လက်တွေ့မှာ ဘယ်လောက် အရေးပါလဲ
  4. ကျွန်တော့် အလုပ်ခရီးက သင်ခန်းစာတွေနဲ့ ကျွန်တော် ရေးသားထားတဲ့ စာအုပ်တွေ

စတာတွေကို ရေးသား မျှဝေသွားပါမယ်။

// IT & Telecom

  1. IT Service Help Desk
  2. Team Lead
  3. Senior Manager
  4. Project Manager
  5. ISP Deputy Head
  6. IT Head

// Education & Development

  1. Chief Learning OfficerMyanmar Region · National Level Curriculum Development
  2. General ManagerBIM Group of Companies · Education / Development / Academic / Vocational
  3. Director
  4. Managing Directorလက်ရှိ

// Banking · HR & L&D

  • Deputy Function Head of HR
  • Head of Development and Learning
  • Deputy General Manager

// Highlights

  • ဝန်ထမ်း တစ်သောင်းခွဲနီးပါးအတွက် Learning Framework နဲ့ Learning Model များ
  • Learning Management System (LMS) ကို ကိုယ်တိုင် Design ဆွဲ တည်ဆောက်
  • Student Ambassadors Program ကို ဦးဆောင် ရေးဆွဲ တည်ဆောက်
  • Top Employer Myanmar 2024, 2025 & 2026
  • SPIP Committee Member